fear

ထိုနောက်မှဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် အာဗြံသို့ရောက်၍၊ အချင်းအာဗြံ၊ မစိုးရိမ်နှင့်။ ငါသည် သင်၏အကွယ်အကာဖြစ်၏။ သင်၏အကျိုးသည်အလွန်ကြီးလှ၏ဟု မိန့်တော်မူလျှင်၊

ကမ္ဘာ​ဦး 15 : 1

အိုထာဝရဘုရား၊ ကိုယ်တော်၏လူတို့သည်လွန်သွားသောအခါ၊ ရွေးတော်မူသောကိုယ်တော်၏လူတို့သည် လွန်သွားသောအခါ၊ ထိုလူအမျိုးမျိုးတို့သည် ကြောက်သောစိတ်၊ ထိတ်လန့်သောစိတ်အားကြီး၍ လက်ရုံးတော်တန်ခိုးကြောင့်၊ သူတို့သည်ကျောက်ကဲ့သို့ ငြိမ်ငြိမ်နေကြလိမ့်မည်။

ထွက်​မြောက် 15 : 16

ငါ့ကိုကြောက်တတ်သောသဘောကို သင့်ရှေ့သို့ငါစေလွှတ်၍၊ သင်ရောက်လေရာရာအရပ်၌ ခပ်သိမ်းသောလူမျိုးကို ငါဖျက်ဆီးမည်။ သင်၏ရန်သူအပေါင်းတို့ကို နောက်သို့လှည့်စေမည်။

ထွက်​မြောက် 23 : 27

ထာဝရဘုရားကလည်း၊ သူ့ကိုမကြောက်နှင့်။ သူနှင့်တကွ သူ၏လူအပေါင်းကို၎င်း၊ သူ၏မြေကို၎င်း၊ သင့်လက်၌ငါအပ်ပေးပြီ။ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင်ရှိဟုန်ကို ပြုသကဲ့သို့၊ ဤမင်းကိုလည်းပြုရမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊

တော​လည် 21 : 34

သင်၏ဘုရားသခင် ထာဝရဘုရားကိုကြောက်ရွံ့၍ အမှုတော်ကို ဆောင်ရွက်ရမည်။ ကိုယ်တော်၌ဆည်းကပ်ရမည်။ နာမတော်အားဖြင့် ကျိန်ဆိုခြင်းကို ပြုရမည်။

တ​ရား​ဟော 10 : 20

အို ဣသရေလအမျိုး၊ သင်၏ဘုရားသခင် ထာဝရဘုရားကိုကြောက်ရွံ့၍၊ လမ်းတော်သို့လိုက်သွားခြင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှုတော်ကိုဆောင်ရွက်ခြင်း၊

တ​ရား​ဟော 10 : 12

အားယူ၍ ရဲရင့်ခြင်းရှိကြလော့။ မစိုးရိမ်ကြနှင့်။ သူတို့ကို မကြောက်ကြနှင့်။ ထာဝရဘုရားသည် သင်တို့ဘုရားသခင်ဖြစ်၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူ မည်။ သင်တို့ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူဟု ဟောပြော၏။

တ​ရား​ဟော 31 : 6

သင်တို့ဘုရားသခင်ထာဝရဘုရားသည် ပြည်တော်ကို သင်တို့ရှေ့မှာ ထားတော်မူပြီ။ သင်တို့အဘများ၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည် အတိုင်း၊ တက်သွား၍သိမ်းယူကြလော့။ မကြောက်ကြနှင့်။ စိတ်လည်းမပျက်ကြနှင့်ဟု ပြောဆို၏။

တ​ရား​ဟော 1 : 21

ထိုအခါထာဝရဘုရားက၊ လူများတို့ကို ငါ့ထံမှာစုဝေးစေလော့။ သူတို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှသောကာလပတ်လုံး ငါ့ကိုကြောက်ရွံ့၍ သားမြေး တို့အားသွန်သင်စေခြင်းငှာ၊ ငါ့စကားကိုကြားစေမည်ဟု ငါ့အားမိန့်တော်မူသည်အတိုင်း၊

တ​ရား​ဟော 4 : 10

ငါတို့သည် အဘယ်သို့သွားရမည်နည်း။ ညီအစ်ကိုတို့က၊ ထိုပြည်သားတို့သည် ငါတို့ထက်သာ၍ကြီး၏။ အရပ်လည်းသာ၍မြင့်၏။ မြို့လည်း မိုဃ်းကောင်းကင်သို့ထိသော မြို့ရိုးလည်းရှိ၏။ ထိုပြည်၌လည်း၊ အာနကအမျိုးသားတို့ကိုမြင်ရ၏ဟု ငါတို့စိတ်ကိုဖျက်ကြပြီဟု သင်တို့သည် တဲများ၌ဆန့်ကျင်ဘက်ပြုကြ၏။

တ​ရား​ဟော 1 : 28